Monday, October 27, 2014

"English Idioms" များလေ့လာရန်



English ဘာသာရပ်ကိုလေ့လာနေတဲ့ သူငယ်ချင်းများအတွက် ကျွန်တော် "English
Idioms" အချို့  ကိုတင်ပေးလိုက်ပါတယ်။"English Idioms" တွေကို ကမ္ဘာက လက်ခံ အသုံးပြု နေတဲ့ အတွက်
လေ့လာထားဖို့  လိုအပ်ပါတယ်။ဒါကြောင့် "English Idioms" အချို့ကို လေ့လာနိုင်စေဖို့ တင်ပြလိုက်ရပါတယ်။
မသိသေးသူများအတွက်ဆိုပိုမိုမှန်ကန်ပါလိမ့်မယ်။ ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး။ ကိုယ်သိသမျှ ကို
ပြန် "Share"ခြင်းသာဖြစ်ပါတယ်။ သူငယ်ချင်းများအနေနဲ့  တခြား"English Idioms"တွေကိုသိသေးရင် တော့
အောက်က "Comments Box" မှာ Share တဲ့ အနေနဲ့  ရေးသွားနိုင်ပါတယ် ခင်ဗျာ...။
English Idioms
* an eye for an eye, a tooth for a tooth - a biblical theme indicating that punishment should equal the
offense.
* ဘဲစား ဘဲကျေ။ သူတစ်ပြန် ကိုယ်တစ်ပြန်။ ဘတစ်ပြန် ကျားတစ်ပြန်။
For example, Mg Mg kicked me in the leg. So, I kicked him in the leg.After all, an eye for an eye, a
tooth for a tooth.

* at the eleventh hour - at the last possible moment.
* နောက်ဆုံးထွက်သက်ထိ၊ နောက်ဆုံး အချိန်ထိ ၊ နောက်ဆုံးအခါသမယ။
For example; He loved her at the eleventh hour.
* arm in arm - of persons linked or hooked together by the arms.
* လက်ချင်းတွဲလျက်၊ လက်ချင်းချိတ်လျက်၊ လက်တွဲမဖြုတ်ဘဲ၊ နှစ်ကိုယ်တူလက်တွဲလို့ ။
For example; The two lovers walked arm in arm down the street.
* The sooner the better - မြန်နိုင်သမျှ မြန်မြန် ။ မြန်လေ ကောင်းလေပဲ။
For example; (Q) When shall I tell him? (Ans:) The sooner the better.
* one in a million - အင်မတန်ထူးခြားကောင်းမွန်တဲ့သူ ၊ ရှားရှား ပါးပါး တွေ့ ရခဲသူ ကို "one in a million"လို့
သုံးတာတွေ့ ရပါတယ်။
For example; He thinks his wife is a woman in a million.You are one in a million.
* as different as night and day - completely different.
* လုံးဝ ကွာခြားတယ်။ မတူပါ. လုံးဝကွဲပြား ခြားနားတယ်။
For example; Birds and bats appears to be similar, but the are different as night and day.
* have a heart of gold - to be generous, sincere and friendly. to have a wonderful character and
personality.
* ထူးခြားတဲ့ စိတ်နေသဘောထားရှိသည်. ထူးခြားတဲ့ ကိုယ်ရည် ကိုယ်သွေး ရှိသည်။ရက်ရောသည်။သဘော
ကောင်းသည်။ဖော်ရွေသည်။ခင်မင်သည်။
For example; Mary is such a lovely person. She has a heart of gold.
* in less than no time - very quickly. very rapidly.
* အရမ်းမြန်မြန် ၊ အမြန်ဆုံး ၊ အစောဆုံး ၊ ချက်ချင်း ၊ မြန်လိုက်တာ ။
For example; Don't worry. This won't take long. It'll be over with in less than no time.
* love at first sight - love established when two people first see one another.
* မြင်မြင်ချင်း ချစ်မိသည်။
For example; Bill was standing at the door when Ann opened it.It was love at first sight when they met.
* on the other hand - looking at the other side of the question.
* ဆိုရင် ။ ဒါပေမယ့်။ သို့သော်လည်း ။
For example; He is extremely intelligent; on the other hand, he's a very lazy student.
* rain or shine - no matter whether it rain or the sun shines.
* နေပူပူ မိုးရွာရွာ ကိစ္စမရှိပါဘူး။ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ။ ဘယ်လိုဖြစ်ဖြစ်လုပ်မယ်။စီစဉ်မယ်။
For example; Don't worry. I'll be there rain or shine.
* under the weather - ill, sick, not feeling well physically.
* မအီမသာဖြစ်နေသော ။ နေရထိုင်ရတာတစ်မျိုးကြီးဖြစ်နေသော ။ နေမကောင်းဖြစ်ချင်သလိုပဲ။ဖျားချင်သ
လိုလိုဖြစ်နေသော ။ နေရထိုင်ရတာမကောင်းဘူး ။ ဘယ်လိုကြီးဖြစ်နေမှန်း မသိဘူး။
For example; My head is aching, and I feel a little under the weather.
* walk on air - to be very happy; to be euphoric.
* အရမ်းပျော်နေသည် ။ အရမ်းသွက်လတ်ပေါ့ပါး ပျော်ရွှင်နေသည် ။ ပီတိဖြစ်နေသည် ။ တက်ကြွနေသည်။
ကြည်နူးနေသည်။
For example; On the last day of school all the children are walking on air.
* go to town - to work hard or fast.
* အလုပ်ကြိုးစားသည် ။ မြန်မြန် ဆန်ဆန် လုပ်သည် ။
For example; Let's go to town.We have to finish this job before noon.
* Apple of someone's eye - someone's favorite person or thing; a boy friend or a girl friend; a person or
a thing that someone wants.
* အသဲလေး ၊ ရည်းစား ၊ အချစ်ဆုံးသူ ။ အရေးပေးခံရသူ။
For example; she is the apple of my eye.
* know something inside out - to know something thoroughly; to know about something thoroughly.
* နှံ့ နှံ့  စပ်စပ် သေသေချာချာ သိသည်။ စေ့စေ့ စပ်စပ် သိရှိနားလည်သည်။ လုံးဝအသေးစိတ်သိသည်။
For example; I know my geometry inside out.
* so far - until now
* ယခုထိ ။ ယခုတိုင်။
For example; I have been on diet for two weeks, but so far I haven't lost any weight.
English Idioms From Myo Min

Idioms လေးတွေ ကိုအတတ်နိုင်ဆုံးနာလည်အောင်လို့  "မြန်မာလို အဓိပ်ပါယ်နဲ့ "Example" လေး
တွေပါထည့်ရေးထားပါတယ်။သူငယ်ချင်းများအားလုံး "English"စာစွမ်းရည် တိုးတက်ကြပါစေ.............;

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ