Saturday, November 3, 2012

မြန်မာနှင့် ကမ္ဘာ့ပညာရှင်များရဲ့ အဆိုအမိန့်များ

မြန်မာနှင့် ကမ္ဘာ့ပညာရှင်များရဲ့ အဆိုအမိန့်များ



ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံတတ်ဖို့ လိုသလို ကိုယ်စာပေနဲ့ ကိုယ့်ယဉ်ကျေးမှုကိုလည်း မြတ်နိုး ထိန်းသိမ်း တတ်ဖို့ လိုတယ်။ (ဗိုလ်ချုပ် အောင်ဆန်း)


ကျောင်းဆရာတိုင်း၏ အကြီးဆုံးသော အရည်အချင်းသည် အကျင့်စာရိတ္တ ကောင်းမွန်ရေးဖြစ်၏။ သို့မှသာလျှင် ကျောင်းသူ ကျောင်းသားများသည် အကျင့်စာရိတ္တ ကောင်းနိုင်ပေမည်။ မည်သည့်အတန်းကိုပင် အောင်မြင်စေကာမူ၊ မည်ကဲ့သို့ပင် အသင်အပြကောင်းစေကာမူ၊ အကျင့်စာရိတ္တ မကောင်းသောသူသည် ဆရာအဖြစ်နှင့် မလျော်။ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော ဆရာ ဆရာမများသည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။ (ဦးသန့် )


အပြုံးတစ်ပွင့်ရဲ့တန်ဖိုး
"သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုံးပြပါ။ သင့်ရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းကို ပြုံးပြပါ။ သင့်ရဲ့ ကလေး ငယ်တွေကို ပြုံးပြပါ။ အချင်းချင်း ပြုံးပြပါ။ သူဘယ်သူ လည်းဆိုတာ အရေးမကြီးပါဘူး။ အဲဒီ အပြုံးတစ်ပွင့်ဟာ သင်တို့အချင်းချင်း ချစ်ခြင်းမေတ္တာတွေ ဆက်လက်ကြီး ထွားစေဖို့အတွက် အထောက်အကူပေးပါလိမ့်မယ် " Mother Teresa


ကိုယ်တိုင်ရှာဖွေပါလေ။
အမှန်တရားတိုင်းမှာ ထောင့် ၄ ထောင့်ရှိပါတယ်။ ဆရာအနေနဲ့ ကျုပ်က ထောင့် တစ်ထောင့်ကို ပေးလိုက်ပါမယ်။ ကျန်တဲ့ ထောင့် ၃ ထောင့်ကို တပည့်ကိုယ်တိုင် ရှာဖွေပါလော့။ ကွန်ဖြူးရှပ်

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ