Monday, November 5, 2012

တိုက်ရိုက်(Live)ကြည့်ရှုခံစား..သင့်စိတ်ကြိုက်ဘောလုံးပွဲစဉ်များ

ဘောလုံးပွဲဆိုတာကလည်း တိုက်ရိုက်(Live) ရှိုးလိုက်ရမှပဲ...ခံစားမှုရသ ပြည့်ပြည့်၀၀ခံစားရတယ်ဆိုတာ ကတော့ ဘောလုံးပရိသတ်များအသိဆုံးပါပဲ။ မိုးရွာရွာ၊ ခြင်ကိုက်ကိုက်၊ အေးချင်အေး၊ အိပ်ရေးပျက်ချင် ပျက်၊ ကိုယ်ကြိုက်တဲ့အသင်းပွဲစဉ်တွေကို တိုက်ရိုက်ကြည့်ကြတာပါပဲ။
" ဟာ၊ ဟင်၊ တောက်၊ ကျွတ် " ဆိုပြီး ပွဲကစားနေချိန်အတွင်းမှာ အားမလိုအားမရဖြစ်၊ အနိုင်သေချာပြီးမှ မထင်မှတ်ပဲ ပွဲပြီးခါနီးကျမှ ဂိုးပြန်သွင်းခံရလို့..အရှူံးကိုရင်ဝယ်ပိုက်၊မချိတင်ကဲဖြစ်ပြီး..ဘယ်သူ့ကိုစိတ်ဆိုး ရမှန်းမသိအောင် လုပ်နိုင်တာလည်း ဘောလုံးပွဲပါပဲ။
လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသတွေဘယ်လိုပဲမတူကွဲပြားခြားနားကြပေမယ့်.တူညီတာတစ်ခုကတော့.. ဂိုး ပိုက်ထဲဘောလုံးဝင်သွားရင်.... " ဂိုး " ဆိုပြီး..အော်ကြတဲ့အသံကတော့ အနိုင်ရရှိတဲ့အသင်းဖက် က အားပေး နေကြတဲ့ပရိသတ်များအတွက် အင်မတန်ကိုနားဝင်ချိုလှပြီး..လက်သီးလက်မောင်းတန်းပျော်ရွှင် စွာ အော်ဟစ်ကျူးရင့်ကြတာပဲမဟုတ်လား။
အရင်က ဖုန်းဆက်သွယ်ရေးတွေခက်ခဲချိန်၊ ဂြိုလ်တုစလောင်းတွေရှားပါးချိန်၊ အင်တာနက်ဆိုတာစားစရာ လားလို့ထင်ရချိန်မှာ ဘောလုံးပွဲကိုတိုက်ရိုက်ကြည့်ဖို့နေနေသာသာ..ကန်ပြီးတဲ့ ပွဲအဖြေရလာဒ်ကိုသိဖို့ တယ်လီဖုန်းအိတ်ချိန်းရုံးကိုသွားပြီး..အော်ပရေတာကိုဂျီကျခဲ့ရပြန်သေးတယ်။
မနက်ပိုင်း လဖေ့ရေဆိုင်ရောက်ရင်လည်း...မနေ့ညကတော့ကွာ.. အာဆင်နယ်က..၀ဲကုတ်.. ညာတောင်ပံ ကနေတောက်လျှောက်ဆွဲပြေးပြီးကန်သွင်းလိုက်ပုံ၊ ချဲလ်ဆီးက တောကြက် ကတော့ သူ့ရှေ့ရောက်လာတဲ့ ဘောလုံးကို အသာလေးပဲ " ကောက်စား" သွားလို့..ခြင်္သေ့ကြီးတွေနိုင်ပွဲဆက်ရတာ၊  ဘာစီက မတ်စိကတော့.တကယ်ကိုလန်းချက်..သုံးယောက်လောက်ကို အသာလေး " ခေါက် " ပြီး ဂိုးတိုင်ရဲ့ ဘယ်ဖက်ထောင့်ကိုအသာလေးလှမ်းကစ်လိုက်တာမျက်လုံးထဲကကိုမထွက်ဘူး၊ မန်ချက်က ဘန်ကြီး က တော့ဖြင့်...၀င်းဂါးအတွက်နောင်တနေ့ရက်များကိုဖန်တီးနေတဲ့အလား..မန်ချက်မှာ..ဂိုးတွေနင်းကန် ပိတ်သွင်းချက်တွေကလည်း အနီရောင်မိစ္ဆာပရိသတ်တွေရဲ့ အချစ်တော်ဘ၀ကို ချက်ချင်းပဲရောက်ရှိသွား ရပြန်ပုံ၊ စသည်ဖြင့်..ကိုယ်ကြည့်ခဲ့ရတဲ့ပွဲတွေကို စားမြုံ့ပြန်ကြတော့...ကိုယ်တွေလို တိုက်ရိုက်မကြည့်နိုင်တဲ့ သူတွေကတော့...ပါးစပ်အဟောင်းသားနဲ့..ရေနွေးကြမ်းလေးသောက်ပြီး....ဟာ..ဟုတ်လား..အိုး..မိုက်တယ် ကွာ....ဟာကွာ.တကယ်ဆို..ရီးရဲလ်ဂွိသင့်တာပေါ့......တောက်..မင်းပြောပုံအရဆို.... ကြိုးကြာနီတွေ က ကျောက်ခဲရေပေါ်ဖြစ်တာပေါ့ကွာ....အဲလိုနဲ့ပဲ......
နိုင်ငံတကာမှာကျင်းပနေတဲ့ အမှတ်ပေးပြိုင်ပွဲပေါင်းစုံမှာ...မြန်မာပြည်က "ရွှေ" တွေ သည်းခြေကြိုက်၊ သဲသဲလှုပ်အားပေးရှုစားခံရမှုအများဆုံးကတော့...အင်္ဂလန်ပရီးမီးယားလိဂ်ပါပဲ။ ကိုယ့်မှာလည်း ပြည်သူ့ အတွက် စကိုင်းပျက်ပဲပြေးဆင်ရမလို၊ TATA Sky စက်ပဲ ခုချက်ချင်းတပ်ရမလိုနဲ့ ဘောလုံးပွဲပြတဲ့ အင်တာနက် ဆိုင်လေးကိုပဲ နေ့တိုင်းရောက်နေတာကြောင့်..ရုပ်/သံ လိုင်းများပိုင်ရှင်ဘ၀ကို မရောက်နိုင် သေးပြန်ပါဘူး(အမှန်တော့ ဘောပွဲရှူံးလို့ :D )
ကျွမ်းကျင်ရာလိမ္မာရာ ပါပဲလို့နှလုံးသွင်းပြီးသကာလ...online တခွင် ဗြဲဗြဲစင်အောင်မွှေနှောက်ရင်း ဘောပွဲ များကို တိုက်ရိုက်ရှုစားနိုင်အောင် ကြံဖန်ရပြန်တာပေါ့ဗျာ။ သတိမမူ ဂူမမြင်...နီးနီးလေးနဲ့ ဝေး.. လို့ဆိုရ ပြန်အောင် ကိုယ်နေ့တိုင်း ပေါက်ကြေးဝင်ကြည့်နေတဲ့ စာမျက်နှာလေးမှာ ဘောလုံးပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်နေတယ်ဆိုတာကို ဟုတ်/မဟုတ်၊ တကယ် လာ/မလာဆိုတာကို တစ်လတိတိ စမ်းသပ် ကြည့်ရှုပြီးသကာလ....တကယ်ဆို connection ကောင်းဖို့ပဲလိုတယ်..ဆိုရလောက်အောင်ကိုပဲ..သင့် အင်တာနက်လိုင်းလေး..ကောင်းမွန်တယ်ဆိုရင်ဖြင့်.ပွဲစဉ်အားလုံး နီးပါးလောက်ကို စိတ်ကြိုက်ရွေးချယ်ပြီး....တိုက်ရိုက် (Live) ရှုစား နိုင်ပါပြီ။
ကဲ....ဘယ်လောက်လွယ်ကူလည်းဆိုတာကိုတော့.အောက်ပါအတိုင်းဆက်လက်ကြည့်ရှုလိုက်ပါဦး...
အရင်ဆုံး  www.asianbookie ဆိုတဲ့နေရာလေးကို ဒီနေရာကိုနှိပ် ပြီးအရင်သွားကြရအောင်။


ဒါဆိုရင်တော့ ခုလို asianbookie ရဲ့ပင်မစာမျက်နှာကိုမြင်တွေ့ပါပြီ။ အနီရောက်အကြီးနဲ့ ၀ိုင်းပြထားတာ ကတော့ ပေါက်ကြေးတွေပါ။ မြန်မာပြည်က ဘောလုံးဒိုင်အားလုံးနီးပါး..ဒီပေါက်ကြေးတွေနဲ့ပဲဖွင့်တာများ ပါတယ်။ ဥပမာ အခုမြင်နေရတဲ့ မန်စီးတီးပွဲက 0: 1 1/2 ဆိုတော့ မန်စီးတီးကနေ 1လုံးရှူံးပါ့။ အဲမှာ ဘေးက 1.925     1.975 ဆိုတာလေးကိုကြည့်ပြီး..အတိုးအလျှော့လုပ်ရတာကြောင့်...မန်စီးပွဲဟာ..အကြမ်းဖျင်း အားဖြင့် 1လုံးရှူံး ၀န်းကျင်ပေါက်မှာမို့..ကြိုတင်စဉ်းစားနိုင်ပါတယ်။ နောက်ပြီး.အသင်းနာမည်တွေမှာ အပြာ ရောင်နဲ့ပြသထားတာကတော့.... asianbookie ရဲ့ အကြိုက်..ခန့်မှန်းအသင်းတွေပါ။

အဲတော့..ဘောပွဲကြည့်ဖို့ဆက်ကြမယ်ဆိုရင်..အနီရောင်အသေးနဲ့ဝိုင်းထားတာကိုသတိထားကြည့်ပါ။ တီဗီ ပုံလေးနဲ့ Live ဆိုတာလေးကိုမြင်ရပါလိမ့်မယ်။ အဲဒါလေးအပေါ်ကို မောက်စ်လေးနဲ့ထောက်ကြည့်လိုက်ရင်


ခုလိုမြင်တွေ့ရပါလိမ့်မယ်။ အဲမှာ Live TV P2P Streams နဲ့ Live TV Flash Streams ဆိုတာ နှစ်ပိုင်းခွဲထား ပါ တယ်။ ကျွန်တော်ကတော့.အခုပုံမှာ အနီရောင်နဲ့ဝိုင်းပြထားတဲ့ Link တွေကနေ ကြည့်ရတာ.အဆင်ပြေနေ ပါတယ်။ များသောအားဖြင့်လည်း Ucaster နဲ့ Ustream Link နှစ်ခုကတော့..ကျွန်တော့်ကို တိုက်ရိုက်ကြည့် ရှု နိုင်ဖို့.အကောင်းဆုံးနေရာကို ပို့ဆောင်ပေးနေတဲ့ တိုက်ရိုက်လင့်ခ်တွေပါပဲ။ (မိတ်ဆွေတို့ လည်း ကိုယ်နဲ့ အဆင်ပြေမယ့် Link တွေကနေရွေးချယ်ကြည့်ရှုနိုင်ပါတယ်)


ဒါကတော့ မန်စီးတီးနဲ့ဆန်းဒါးလန်းပွဲကို တိုက်ရိုက်ကြည့်ရှုတဲ့မြင်ကွင်းလေးပါ။ ရွေးချယ်စရာ Channel တွေများတာကြောင့်.. Connection ကောင်းရင် Resolution ကောင်းကောင်းနဲ့လွှင့်တဲ့ Link ကိုရွေး ကြည့်နိုင်သလို....ခုလို.အနည်းငယ်ဝါးတားတားနဲ့ Link မှာလည်း ကြည့်ရတာမဆိုးပါဘူး။ (လုံးဝမကြည့်ရ တာထက်စာရင်..ဒါလေးက..စိတ်ဖြေရာလေးပေါ့)

အင်္ဂလန်ပရီးယားမီးလိဂ်အပြင် အီတလီစီးရီးအေ၊ ဂျာမာန်ဘွန်ဒက်စ်လီဂါ၊ စပိန်လာလီဂါ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် တွေကို လည်း
ကြည့်ရှုနိုင်ပါသေးတယ်။ အဓိကတော့..ပွဲစဉ်တွေရဲ့ဘေးမှာ TV ပုံလေးနဲ့ Live ပေါ်နေတာနဲ့..အဲက link တွေကနေ
တစ်ဆင့် ရွေးပြီးကြည့်ရုံပါပဲ။

သိသူဖော်စား..မသိသူကျော်သွား လို့မပြောရဲသလို... အားလုံးကလည်း..ချက်ဆို..ကလစ်ပြီးသားမို့.. ခုလောက်လေးရှင်းပြလိုက်ပြီဆိုတာနဲ့...ဆင်ခြေရာတောင်ရှာစရာပဲ..ဆင်တစ်ကောင်လုံးမြင်နိုင်စွမ်းရှိကြ သူတွေချည်းမို့.... asianbookie ကနေ ထုတ်လွှင့်ပြသနေတဲ့ တိုက်ရိုက်ပွဲစဉ်များကို.အလွယ်တကူကြည့်ရှု ခံစားနိုင်ကြပါစေဗျာ.....တစ်ခုတော့.မမေ့ကြပါနဲ့...Connection ကောင်းဖို့တော့လိုမယ်နော်...


အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
တွတ်တွတ်

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ