Tuesday, November 13, 2012

ဘ၀ထဲကဒဿနများ

ဘ၀ထဲကဒဿနများ

1. အပြောကောင်းဖို့မလိုဘူး...အကောင်းပြောဖို့ပဲလိုတယ်..
2. အလုပ်မှန်နေဖို့မလိုဘူးအမှန်တွေလုပ်ဖို့လိုတယ်...
3. အတွေးကောင်းဖို့မလိုဘူး..အကောင်းတွေးဖို့ပဲလိုတယ်.....
4. ကျချင်ရာကျစိတ်ဓါတ်မကျနဲ့...
5. မေ့ချင်ရာမေ့ဘ၀မမေ့နဲ့...
6. ပျောက်ချင်ရာပျောက်..အနာဂါတ်မပျောက်စေနဲ့....
7. ကိုယ်ပိုင်အလုပ်မှန်သမျှ...ကိုယ်ကသခင်..သူမျာအလုပ်လုပ်နေနေရင်ကျွန်....
8. ဓူဝံကြယ်ပြီးရင်..ဒုတိယမြောက်အလင်းလက်ဆုံးကြယ်ဟာ...လူငယ်ပဲ....
9. အလုပ်ကောင်းဖို့မလိုဘူးအကောင်းလုပ်ဖို့ပဲလိုတယ်....
10. ဒုက္ခတစ်ခုကြုံလာရင်...အဲ့ဒီထက်ပိုကြီးတဲ့ဒုက္ခကိုတွေးပစ်လိုက်.....
11. ဘာတစ်ခုမှမပိုင်ဘူးဆိုရင်တောင်...ကိုယ့်ကိုကိုယ်ပိုင်တယ်......
12. စာရိတ္တကောင်းရင်..နောက်ကြောင်းရှင်းပြီးသားပဲ...
13. တတ်ချင်သင်...တော်ချင်ကျင့်..မမေ့ချင်ရင်စိတ်ဝင်စား...မမှားချင်ပြန်စစ်....
14. မမှားဘူးသူမရှိဘူး...မှားမှအမှန်မြင်ရတာ...မှားတာကိုသိဖို့နဲ့...ပြန်ပြင်ယူဖို့ပဲအရေးကြီးတယ်...
15. အရာရာဟာ....အကြောင်းမရှိပဲ..အလိုလိုအကျိုးမဖြစ်ဘူး...
16. ဘယ်သူ့ကိုမှအထင်မသေးမိစေနဲ့...သူ့တန်ဖိုးနဲ့သူရှိပြီးသားပဲ...
17 မရင်းရဲရင်...မမြတ်ဘူး...မလုပ်ပဲဘာမှမဖြစ်နိုင်ဘူး...
18. အဆိုးတွေထဲရောက်၇င်တောင်...ကောင်းအောင်နေပါ...
19. လုပ်ချင်တာဆန္ဒ...လုပ်နေတာဘ၀...လုပ်ချင်တာထက်လုပ်သင့်တာကို..ဦးစားပေးပါ....
20. အသိ..သတိ...ပြီးတော့..အရှိဖြစ်သွားဖို့အရေးကြီးတယ်....
21. ဘာလုပ်လုပ်..အလေ့ကျင့်များရင်ကျွမ်းကျင်လာလိမ့်မယ်...
22 ခံစားချက်ကြောင့်ခံယူချက်မပျောက်စေနဲ့....
23. ပညာဆည်းပူးချိန်မှာ...ငါဆိုတာကို..မေ့လိုက်....
24. ကိုယ်တိုင်မလျှောက်သရွှေ့...ကိုယ်တိုင်မရောက်ဘူး...
25. ဘ၀ကျောင်းတော်ကြီးမှာ...ဒုက္ခဆိုတာမကြုံတွေ့ ဘူးသူမရှိလို့သင်ဘာမှ...တွေးပူမနေပါနဲ့...ဦးနှောက်ကို
အေးအေးထားပြီး....ဖြေရှင်းနိုင်အောင်ကြိုးစား....

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ