Tuesday, November 27, 2012

လွယ်လည်းလွယ် ကောင်းလည်းကောင်းတဲ့ ဓာတ်ပုံ ပြုပြင် ဖြတ်တောက်နည်း

လွယ်လည်းလွယ် ကောင်းလည်းကောင်းတဲ့ ဓာတ်ပုံ ပြုပြင် ဖြတ်တောက်နည်း

ဓာတ်ပုံပြင်တာ ၀ါသနာပါသူများနဲ့ အခြေခံဘလော့ဂါတွေအတွက် အသုံးဝင်နိုင်တဲ့

နည်းလေးတစ်ခုကတော့Miscrosoft Office Picture Managerပါ စက်တိုင်းမှာလဲ

ရှိတတ်တယ် ။အရင်ပိုစ်မှာ ပြောဖူးသလို Miscrosoft Excel နဲ့ Miscrosoft Word

ရှိတဲ့ စက်တိုင်းမှာ များသောအားဖြင့် ပါလာတတ်ပါတယ်။အင်စတောလုပ်စဉ်အခါ

ဖြုတ်မထားခဲ့ဘူးဆို ပါလာပါလိမ့်မယ်။ပုံတစ်ပုံကို ပြုပြင်ဖို့ အတွက် ပြင်ချင်တဲ့ပုံကို

Right Click ထောက်  Open with  ကနေ Ms Office Picture Managerကိုယူပါ

ပြီးရင် အပေါ်က Tool bar မှာ Edit Picture ကိုနှိပ်ပြီး  ဖလမ်းဖလမ်း လုပ်လို့ ရပြီ

အသုံးဝင်တဲ့နည်းလမ်း - ၁

ပုံကို ဘယ်ညာပြောင်းလို့ ရပါတယ် လူနှစ်ယောက်ရိုက်ထားတဲ့ပုံဆိုင် ဟိုဘက်ကလူ

ဒီဘက်ရောက်လာပြီး ဒီဘက်ကလူက ဟိုဘက်ကို ရောက်သွားတယ် အခုပြထားတဲ့

မင်းသမီးပုံလိုပဲ  ပထမပုံမှာ ငှက်ပျော်သီးကို  ညာလက်ကကိုင်ပီး လက်ပတ်နာရီကို

ဘယ်လက်မှာ ပတ်ထားတယ် အဲ့တာကို ပုံထဲကအတိုင်း ပြောင်းလို့ ရတယ် .......။

အသုံးဝင်တဲ့နည်းလမ်း - ၂ 

နောက်တစ်ခုကတော့ ကာလာပြောင်းတာ မီးအလင်းအမှောင်ချိန်တာ ရုပ်မှုံတာကို

ကြည်အောင် ပြင်ပေးတဲ့နည်းပါ ပုံမှာပြထားတဲ့ သရဲနီ သရဲဝါလို နောက်ထပ်ကလိ

သရဲဖြူ သရဲစိမ်း ထပ်ပီးလုပ်လို့ ရပါတယ် စိတ်ကူးရသလို စမ်းသပ်သုံးကြည့်ပါ...။

အသုံးဝင်တဲ့နည်းလမ်း - ၃

နောက်တစ်နည်းက ပုံတွေကို ဖြတ်တဲ့နည်းပါ ပုံမှာ သုံးယောက်ဆိုရင် ဘေးကပုံကို

ဖြတ်လိုက်လို့ ရတယ် ။ဘလော့ဂါတွေအနေနဲ့ လည်း ပုံတွေရိုက်ပြီး လိုတဲ့နေရာကို

စိတ်ကြိုက်ဖြတ်နိုင်တယ် ။လွယ်လည်းလွယ်သလို ပေါ့ပါးတဲ့နည်းပါ တခြားနည်းလဲ

ရှိပါသေးတယ် သို့ သော်လည်း ဒါက အဆင်ပြေဆုံး အလွယ်ဆုံးနည်းလမ်းပါ .....။


အသုံးဝင်တဲ့နည်းလမ်း - ၎

နောက်တစ်နည်းကတော့ ပုံကို ဆိုဒ်ပြင်တာပါ ဘလော့အတွက် ခေါင်းစီးပုံကို ပြင်ဖို့ 

ဒီနည်းသုံးလို့ လည်းရပါတယ်  ။ ကျနော်တန်းပလိပ်အကျယ်က  တစ်ထောင်ဆိုရင်

ပုံအကျယ်က  တစ်ထောင်ဖြစ်ရပါမယ်။ ၁၂၀၀ ဖြစ်နေရင်  တန်းပလိပ်နဲ့ ထည့်တဲ့ပုံ

မညီပဲ ဖြစ်နေတတ်ပါတယ် ။ သို့ မဟုတ် ပုံက သေးနေပြန်ရင်လည်း  အပေါ်ကပုံနဲ့ 

အောက်က ဘလော့တန်းပလိပ်အကျယ် မညီရင် ကြည့်မလှပါဘူး အဲ့လိုအခါမျိုးမှာ

ပုံရဲ့အရှည်နဲ့ အမြင့်ကို ဒီနည်းနဲ့ သုံးနိုင်ပါတယ် နောက်ထပ်အများကြီး ရှိသေးတယ်

အသုံးဝင်ဆုံး ၄ မျိုးထုတ်ပြတာပါ အဆင်ပြေသလို ဆက်လေ့လာကြည့်ပါ..........။

.

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ