Monday, November 12, 2012

ဆယ်ကျော်သက်တို့အတွက် အကျင့်ကောင်း (၇) ရပ်

ဆယ်ကျော်သက်တို့အတွက် အကျင့်ကောင်း (၇) ရပ်

(၁)တာဝန်ယူစိတ် [Be Proactive]

ပြဿနာတစ်ခုခုရှိလာရင်"ငါဘာမှားနေလဲ"ဆိုတာက,စ,စဉ်းစားပါမယ်။
ပြီးမှကျန်တာတွေကိုဖြန့် တွေးတယ်။
"ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊သူများကိုတော့တရားခံ"ဒါမျိုးမလုပ်ဘူး။
ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ


(၂)ပစ်ကွင်းကိုချိန်ပစ်(Begin with the End in Mind)

ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။
"မစ်ရှင်"[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။


(၃)အရေးကြီးတာအရင်လုပ်[Put First Thing First]

ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်တတ်တယ်

(၄)သူမနာ၊ ကိုယ်မနာ ဆက်ဆံရေး [Think Win-Win]

ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။
နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့်"ကြားအဖြေ"ကိုနှလုံးသွင်းပါတယ်။


(၅)နားလည်မှုရှိ [Seek First to Understand,Then to be understood]

ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။
ကိုယ့်ကိုလည်း သူများက နားလည်အောင်တံခါးဖွင့်ထားတယ်။


(၆)လက်တွဲကြိုးပမ်း[Synergize]

ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။

(၇)ကိုယ့်ကိုယ်ကိုပြန် ,သ, [Sharpen the Saw]

စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲတံခါးဖွင့်ထားတယ်။ ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ်"သ"နေပါ။

ဒီအကျင့်တွေ မင်းမှာရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ
သေချာသလောက်ဖြစ်ပါပြီ။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ